ကျိုက်ဒုံမြို့၊ ဝက်တခုန်ကျေးရွာ၌ ရတနာမာရ်အောင်ဘုရားထီးတော်တင်လှူပွဲ စည်းကားစွာ ကျင်းပမည်

ကျိုက်ဒုံ မတ် ၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဝက်တခုန်ကျေးရွာ မဟာဒဿနရူမကျောင်းတိုက်၌ ကျောင်းထိုင် ဆရာတော် ဦဂပညာသာမိ၊ အများတကာကောင်းမှုဖြင့် တည်ထားပြီးသော ရတနာမာရ်အောင် စေတီတော်မြတ် ကြီးအား ထီးတော်တင်လှူပွဲနှင့် ရှင်ပြုရဟန်းခံ အလှူတော် မင်္ဂလာရေစက်ချပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်း လဆန်း (၁၂) ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဘုရားထီးတော်တင်လှူပွဲနှင့် ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာပွဲ၌ တပေါင်းလဆန်း ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ၊ မိတန်သမဂ္ဂကျောင်းတိုက် စာချဆရာတော် အရှင်စန္ဒန၊ ဘုရားသုံးဆူမြို့မှ ဆရာတော်အရှင် ဦးသုမန၊ ကွင်းကလေးကျောင်းတိုက်မှ အရှင်နန္ဒာသိရီလင်္ကါရတို့မှ ညတရားပွဲ (၃) ည ချီးမြှင့်ဟောကြား ပေးသွားမည်ဖြစ်ကြောင်း ရတနာမာရ်အောင် စေတီတော်မြတ်ကြီးအား ထီးတော်တင်ပွဲနှင့် ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)