ပေါက်ခေါင်းမြို့နယ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ဆောင်ရွက်ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ပေါက်ခေါင်း မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ဆောင်ရွက်ထားမှုရှိ/ မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ၌ ရုံးဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်ရေးဆွဲထားခြင်း ရှိ/မရှိ၊ အဆောက်အဦးများ ဆောက်လုပ်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးငြိမ်းသတ် ရေးအတွက် မီးသတ်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထားရှိမှု အခြေအနေများ၊ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ၊ မီးငြိမ်းသတ်ရေးအတွက်ရေရှိရေး ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းသန်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)