ပုလော မတ်လ ၇
ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ကြိုးဝိုင်းကြိုးပြင် ဒီရေတော ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမော်က သစ်တော ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသော ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောဖွဲ့စည်းခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဝင်းက စီးပွားရေး သစ်ထုတ်ကြိုးဝိုင်း၊ ဒေသန္တရ ထောက်ပံ့ရေးကြိုးဝိုင်း၊ ရေဝေရေလဲ ထိန်းသိမ်းရေး ကြိုးဝိုင်း၊ အခြားကြိုးဝိုင်းတောများ၊ ရေမြေ ထိန်းသိမ်းကာကွယ်ခြင်း၊ အပူပိုင်းဒေသ တောထိန်းသိမ်း ကာကွယ်ခြင်း၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ထိန်းသိမ်းကာကွယ်ခြင်း၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော သတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နှစ်အလိုက် တိုးချဲ့ ဖွဲ့စည်း သည့် ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများ၊ ဆောင်ရွက်ဆဲ ကြိုးဝိုင်း ကြိုးပြင် ကာကွယ် တောများကို ဖွဲ့စည်းခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း ဦပဒေများနှင့် အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စိုက်ခင်း ဟောင်းများ ထိန်းသိမ်းခြင်း ၊ ဒေသခံပြည်သူအစုအဖွဲ့ သစ်တောတည်ထောင်ခြင်း၊ မိုးရာသီလူထုဖြန့်ပျိုးပင်များ ပျိုးထောင်ဖြန့်ဝေခြင်း လုပ်ငန်း နှင့်အတူ သစ်တောထွက်ပစ္စည်းအခွန်ကောက်ခံခြင်းနှင့် တရားမဝင်သစ်ဖမ်းဆီးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
အေးအေးမော်(ပုလော)