ဟားခါးမြို့၌ ပြည်သူ ၇၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၁၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၊ ၁၂ ဦးပြန်လည်ကျန်းမာလာ

ဟားခါး မတ် ၇

ဟားခါးမြို့၌ ယမန်နေ့က ပြည်သူ ၇၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၁၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၁၂ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ဟားခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ ယနေ့အထိ (ကိုဗစ်-၁၉ စတုတ္ထလှိုင်း) Test Kit ဖြင့် စစ်ဆေးသူ ၂၅၉၅ ဦး၊ ပိုးတွေ့သူ ၂၇၁ ဦး၊ သေဆုံးသူ ၂ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၁၇၀ ဦးနှင့် ဆေးကုသမှုခံယူဆဲ ၉၉ ရှိသွားပြီဖြစ်ကြောင်းနှင့် ဆေးကုသမှုခံယူဆဲ ပိုးတွေ့လူနာများအနက် ၅၇ ဦးသည် ပြည်သူ့ဆေးရုံတွင် လည်းကောင်း၊ ၄၂ ဦးသည်ကာ ဆင်ခန်းမတွင်လည်းကောင်း လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။

မောင်တက်လမ်း