အိမ်မဲ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ရုံးခြံစည်းရိုး၊ ရုံးအဝင်လမ်း၊ မြို့နယ်အားကစားခန်းမရှိမုဒ်ဦးနှင့် အားကစားခန်းမရှေ့ ကာပါကင် လမ်းခင်းထားမှုတို့အား ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်တို့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒေါ်အိအိမျိုး(တာဝန်ခံ)က ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)