သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလအပြီး ထိုးနှံနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ အပြီးထိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်အေးခန်းမ၌ ကျင်းပခဲ့ သည်။ အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း အဖွင့်စကား ပြောကြားကြသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်မှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ အပြီးလွှမ်းခြုံထိုးနိုင်ရေး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဌာန RHC မှ တာဝန်ခံ ဆရာမများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးများအား အစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် အသေးစိတ် ချပြရှင်းလင်းပြီး မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နိုင်မည့် အစီအမံများ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ရန်တို့ကို ကျေးရွာအုပ်စုအလိုက် ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များကို တိုင်းဒေသကြီးသို့ တင်ပြနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်