ပလောက် မတ် ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက် လမ်းဆုံရှိ ထားဝယ်-မြိတ်ကား လမ်းမကြီး၌ ဖြတ်သန်းသွား လာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့် လက်မှတ်မရှိသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်းနှင့် လက်မှတ်မရှိသူများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်