လွယ်ဂျယ် သြဂုတ် ၂၈
ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ်( ၂ ) နာရီက မူလတန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်/ဆက်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲကျင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြော ကြားသည်။
ထို့နောက် ဒေါက်တာမေမွန်၏ မေမေပြောသည့် အကောင်းဆုံးပုံပြင်စာအုပ်အား မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ပထဆုရရှိသူ မောင်ဇင်မင်းလတ်၊ ဒုတိယဆုရရှိသူ မမေမြတ်မွန်မွန်၊ တတိယဆုရရှိသူ မလွမ်းနောတို့အား ပြန်/ဆက်ဦးစီးက ဆုများချီးမြှင့်ပြီး ပြိုင်ပွဲဝင်အားလုံးကို မေတ္တာလက်ဆောင်များ ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုငိပွဲကို ကျောင်းသား လူငယ်ကလေးများ စာဖတ်သည့် အလေ့အကျင့်စွဲမြဲစေရန်၊ စာအုပ်စာပေနှင့် ကင်းကွာမှုမရှိစေရန်နှင့် ကလေးငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ(၁၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
လွယ်ဂျယ် ပြန်/ဆက်