ဖြူး ဩဂုတ် ၂၈
တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်(၁)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
ဖြူးမြို့နယ်တွင် Facility Quarantine Center ဖွင့်လှစ်၍ ပြည်ပပြန်များအား ကျန်းမာရေးစောင့် ရှောက်ပေးပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိပါသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သူများ တိုးတက်လာသူ များပြားလာသည့်အတွက် ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကော်မတီမှ ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနိုင်း ဆွေးနွေးခဲ့ ကြသည်။ မြို့နယ်ကော်မတီဥက္ကဋ္ဌမှ လူစုလူဝေး များပြားသော နေရာများတွင် မျက်နှာဖုံး တပ်ဆင် သွားလာရေး စည်းရုံးဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်များတွင် မျက်နှာဖုံး တပ်ဆင်ခြင်း၊ လက်ဆေးပြီးမှ ဆိုင်ထဲဝင်ရန်၊ မလိုအပ်ပဲ နေအိမ်အပြင် မထွက်ကြရန် ဆွေးနွေးခဲ့ပြီး၊ နောက် မြို့နယ် ကော်မတီဝင်များ လိုအပ်သလို စစ်ဆေးသွားကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မနွယ်(ဖြူး)