တောင်ငူ သြဂုတ် ၂၈
တောင်ငူမြို့နယ်၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ဆူးတပ်၊ မွေရိုးနှင့် မဟင်ကျေးရွာတွင် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် လိုက်နာ ဆောင်ရွက် ရမည့်အချက်များ၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် အသုံးပြု သွားလာမှုရှိစေရေး၊ ဆောင်ရန် ရှောင်ရန်အချက် များကို သိရှိရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် လှည့်လည်ကာ လက်ကိုင် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)