ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စု ယာခိဘောင် အ.မ.ကကျောင်း၌ Covid Shield ကွင်းဆင်းထိုးနှံ

ပိုင်ကျုံ မတ်  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေ ရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကိုလျှော့နည်းစေရန်ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်များ၊ အသက်(၁၈)နှစ် အထက်ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို  ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ယနေ့မတ်လ ၅ရက်နေ့ နံနက်၁၀နာရီက ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စု အတွင်းရှိ ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသေးသည့် ပြည်သူများအား ယာခိဘောင် အ.မ.ကကျောင်း၌ ကွင်းဆင်းထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး ဦးဆောင်ပြီး   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများတို့က   ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်း တာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေ လွယ်ကူစေရန်အတွက်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စောဂျိုးဇက်ဂျူး