စာသင်ကျောင်း ကျောင်းသားလူငယ်အခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟော ပြောပွဲနှင့်သရုပ်ပြပွဲကျင်းပ

ကြို့ပင်ကောက် မတ် ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း ကျောင်းသားလူငယ်အခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက အထက(ကြို့ပင်ကောက်) ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်က ကျောင်းသာကျောင်းသူများနှင့် ဆရာဆရာမများ အား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များ မီးဘေး အန္တရာယ် ကြုံတွေ့လာပါက ရဲဝံ့စွာဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောပြီး ဂတ်(စ်)မီး ငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုငြိမ်းသတ်နည်းတို့ကို လက်တွေ့ သရုပ်ပြ၍ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

ထို့နောက်ကျောင်းအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးကြိုများ စနစ်တကျသုံးစွဲနိုင်ရေး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိနိုင်ရေးတို့အား စစ်ဆေးဆောင်ရွက် ခဲ့ကြသည်။

ကြို့ပင်ကောက်မြို့တွင် ယခုနှစ်ပွင့်လင်ရာသီအတွင်း မီးလန့်မှု (၂) ကြိမ်သာဖြစ်ပွားခဲ့ကြောင်း  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲများ၊ ရပ်ကွက်များအတွင်းအသံချဲ့ စက်များဖြင့် လှုံ့ဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ရုံးမှသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)