မြင်းမူ မတ် ၅
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အောင်ဇေယျရပ်ကွက်တွင် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ယခုတည်ဆောက်လျှက်ရှိသည့် အဆောက်အဦကို ပြည်တောင်စုအစိုးရခွင့်ပြုရန်ပုံ ငွေ(၁၁၆ဒဿမ၃) သန်းဖြင့် Top Light ကုမ္ပဏီက ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့တွင် စတင်တည် ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတည်ဆောက်မှုလုပ်ငန်းအနေဖြင့် (၉၀ ) ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဆောက်အဦမှာ(၄)ခန်းတွဲ(၃)ထပ် RC အမျိုးအစား ဖြစ်ပြီး ရုံးခန်းအစည်းခန်းမများပါဝင်ပြီး ယခုလ ဒုတိယပါတ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း တည်ဆောက်ရေးတာဝန်ခံ ဒေါ်ပြည့်ပြည့်ထံမှ သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)