ပန်နန်းဒင်မြို့၌ ကိုဗစ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ပန်နန်းဒင် ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့‌‌သည့်ငွေများကို ယနေ့နံနက် (၈) နာရီက ပန်နန်းဒင်ရှိ အိမ်ထောင်စု (၁၀) စုအတွက် အိမ်တိုင် ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ရာတွင် ပန်နန်းဒင်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း နှင့် အဖွဲ့၀င်များက  နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ကိုဗစ်ကာလ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်အိမ်ထောင်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စုဆယ်စုအတွက် ငွေကျပ်နှစ်သိန်းကို  အိမ်တိုင်ရာရောက် ဒုတိယအကြိမ် အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောယော်ဘော်(ပြန်/ဆက်)