ဟားခါး မတ် ၅
ဟားခါးမြို့၌ မတ်လ ၄ ရက်နေ့တွင် ပြည်သူ ၉၉ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
အလားတူ တီးတိန်မြို့နယ်တွင်လည်း ပြည်သူ ၁၀၅ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင်လည်းကောင်း၊ ဖလမ်းမြို့နယ်တွင် ပြည်သူ ၄၅ ဦးစစ်ဆေးရာ ၂ ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည်။
ဟားခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့သူ ၁၇၈၄ ဦး၊ သေဆုံးသူ ၄၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၆၀၅ ဦးနှင့် ဆေးကုသမှုခံယူဆဲ ၁၃၂ ရှိသွားပြီဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း