မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသော ကိုဗစ်ကြိုတင်ကာကွယ်ရေး ပစ္စည်းများအား မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်ထောက်ပံ့

မြန်အောင်  မတ် ၄

မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသော ကိုဗစ်-၁၉ ဗီဇပြောင်း (အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသုံးပြုရန် Mask၊ Hand Sanitizer၊ Face Shield တို့အား ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများသို့ ယနေ့ နံနက်က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌ ဦးနေဝင်း၊ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့ ခရိုင်ကြက် ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင်၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မြင့်၊ ဒုတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင် များကအခြေခံပ ညာကျောင်းများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျောင်းသား/ကျောင်းသူများ  ကိုဗစ်-၁၉ ဗီဇပြောင်း(အိုမီခရွန်)ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် မြန်မာနိုင်ငံ ကြက်‌‌ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသော ပစ္စည်းများမှ Mask(၄၃)ဘူး၊ Hand Sanitizer (၆၃)ဘူးနှင့်Face Shield (၄၁၀) ခုတို့အား အ.မ.က ကျောင်း(၈) ကျောင်း ၊ အ.ထ.က(ခွဲ) (၁)ကျောင်းနှင့်အ.ထ.က (၁)ကျောင်းတို့အား ခွဲဝေလှူဒါန်းပေးခဲ့ကြောင်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ထံမှသိရသည်။

ဝင်းဗိုလ်