ကြာအင်းဆိပ်ကြီးမြို့၌ ကွမ်းသီးဈေးကောင်း၍ ကွမ်းသီးခြံရှင်တောင်သူများ အဆင်ပြေ

ကြာအင်းဆိပ်ကြီး မတ် ၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုနှစ်တွင် ကွမ်းသီးဈေးနှုန်း ကောင်းမွန်မှု ကြောင့် ကွမ်းသီးခြံရှင်တောင်သူများ ဝင်ငွေပိုမိုရရှိသဖြင့် အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကျေးရွာများ၌ ဒေသခံတိုင်းရင်းသားတောင်သူများမှာ ယခင်နှစ်များစွာကပင် ကွမ်းသီးပင် စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြပြီး မြို့နယ်အတွင်း ရေမြေ ရာသီဥတု အခြေအနေအရ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် နှစ်ရှည်သီးနှံပင် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ကြာအင်းဆိပ်ကြီးမြို့၌ ကွမ်းသီးအစိုတစ်လုံးလျင် ငွေကျပ် (၂၀) ကျပ်ခန့်ရရှိပြီး ကွမ်းသီးအခွံ ခုတ်ခွာပြီး အသီးအခြောက် တစ်ပိဿာလျှင် ငွေကျပ် (၅၀၀၀) ကျပ်ရရှိပြီး ယခင်နှစ်များထက် ဈေးနှုန်းပိုမိုရရှိပြီး ကွမ်းသီးခြံရှင်တောင်သူများ ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကွမ်းသီးပင်လုပ်ကိုင်စိုက်ပျိုးထားမှု ဧကပေါင်း (၁၅၀၄၅) ဧကခန့်ရှိပြီး အဆိုပါကွမ်းသီးပင်မှ ကွမ်းသီးကို တစ်နှစ်လျင် နှစ်ကြိမ်မှသုံးကြိမ်အထိ ခူးယူရောင်းချနိုင်ကြောင်း သိရသည်။

မျိုးမင်းဦး