သရက်ချောင်း မတ် ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေးကို အထူးအလေး ထား၍ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ ပြည်သူ (၅၅၀၄)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့အချိန်အထိ အသက် (၁၀)နှစ်ပြည့်သူ (၂၀၃၅) ဦး နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူ (၉၉၅)ဦး ၊(၁၈)ပြည့်လှဲလှယ်သူ (၁၂၆၉)ဦး၊ ပျောက်ဆုံးပျက်စီး(၁၂၀၉)ဦး စုစုပေါင်းပြည်သူ (၅၅၀၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ လာရောက်ပြုလုပ်ကြသည့် ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိသည့် နိုင်ငံသား အခွင့်အရေးများ အပြည့်အဝရရှိနိုင်သည့် အထောက်အထား တစ်ခုဖြစ်သည်ကို ပြည်သူအားလုံးသိရှိနားလည်ကြသည့်အတွက် လူမှုဘဝဆောင်ရွက်မှုတိုင်း၌ အရေးကြီး၊ အရေးပါသည့် နိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုကို နိုင်ငံသားတိုင်း ရရှိကိုင်ဆောင်နိုင်ဖို့ကို နိုင်ငံတော်အစိုးရက ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏ အနာဂတ်အကျိုးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်းနှင့် မိမိဌာနမှပြည်သူများအတွက် “ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်းနှင့် သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်း(၂၀)သို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုပေါင်း (၁၉)အုပ်စုများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်ထံမှ သိရသည်။
နန်းခလိုက်( သရက်ချောင်း)