မံစီ ဩဂုတ် ၂၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က အဖွင့်အမှာစကား ပြောကြားရာ၌“ကိုဗစ်-၁၉” ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို မြို့နယ်အတွင်း အရှိန်အဟုန်မပျက် ဆောင်ရွက်ရေး၊ မြို့အဝင်/အထွက် ဂိတ်များ၌ ကျန်းမာရေး စစ်ဆေးခြင်းနှင့် မြို့အတွင်းရှိ ပြည်သူများ နှာခေါင်းစည်း (Masks)များ တပ်ဆင်ရေးအတွက် အသိပညာပေး လှုပ်ရှား ဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အမိန့်နှင့် ညွန်ကြားချက် များကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မံစီမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်များကို မတ်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက် ခဲ့ကြကြောင်းနှင့် နေ့စဉ်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မံစီ(ပြန်/ဆက်)