စစ်ကိုင်းတောင်ရိုး သမိုင်းဝင် ဆွမ်းဦးပုညရှင်ဘုရားကြီးတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

စစ်ကိုင်း မတ် ၄

စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင် ဘုရားကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူ ပြည်သူများဖြင့် နေ့စဉ်စည်ကား လျက်ရှိကြောင်း သိရသည်။

“ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ဘုရားဖူးပြည်သူတွေ များပြားတာကို တွေ့ရပါတယ်။ ဘုရားဖူးလာ ပြည်သူတွေ အတွက်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်အောင် ကျွန်တော်တို့ ဘုရားဂေါပကအဖွဲ့များက စီမံဆောင်ရွက်ပေး ထားပါတယ် လမ်းပန်းဆက်သွယ်ရေးမှာလည်း ယာဉ်အန္တရာယ်ကင်းရှင်းအောင်၊ ညအိပ်လာပြီး ဘုရားဖူးပြည်သူများကိုလည်း တည်းခိုနိုင်အောင်၊ တောင်ရိုးပေါ်မှာရှိတဲ့ ဘုရားတွေလည်း အစုံဖူးနိုင်အောင် လမ်းညွှန်ဆိုင်းဘုတ်တွေလည်း ဆောင်ရွက်ပေးထားပါတယ်’’ ဟု ဘုရာကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပြ၍ သိရသည်။

“ စစ်ကိုင်းမှာရှိတဲ့ ဒီဆွမ်းဦးပုညရှင်ဘုရားကြီးရယ် နောက်ပြီး ကောင်းမှုတော် ဘုရားကြီးရယ်ကို ဘုရားဖူချင်နေတာကြာပြီ ယခင်နှစ်က ကိုဗစ်-၁၉ရောဂေါ များပြားနေတော့ ယာယီပိတ်ထားတဲ့ အတွက် မလာရောက်နိုင်ကြဘူး အခုတော့ မိသားစုတွေရဲ့ ဆန္ဒတွေပြည့်ပါပြီ ကောင်းမှုတော် ဘုရားကြီးလည်း ဆက်လက်ဖူးမြာ်သွားမှာပါ’’ဟု ကျောက်ပန်းတောင်းမြို့မှ မိသားစုလိုက် ဘုရားဖူး လာရောက်သူ ဒေါ်ဝင်းစန္ဒာက ပြောပြခဲ့သည်။

ဇော်မြင့်နိုင်