ဆင်ပေါင်ဝဲ မတ် ၄
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ် ထွေ/အုပ်ဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့က ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်း ကျဆင်းလာသည့်အချိန်၌ အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင် တွေ့ရှိလာသည့်အတွက် ပြည်သူများအနေဖြင့်အိမ် အပြင်ထွက်လျှင် နှာခေါင်းစည်း mask တပ်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ် ဆေးများ ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေပြည့်ဝစွာ ထိုးနှံကြပါရန် စသည့်အချက်များအား အသိပညာပေးခြင်း များကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)