ဝါးခယ်မ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြို့မစျေးကြီးနှင့် လူစည်ကားရာ နေရာများတွင် ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်ပြည်သူများ၊ အနှေးယာဉ်လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လက်သန့်ဆေးရည်ဖြန်းပေးခြင်း၊ Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် hand speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign များ ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေးခြင်း လုပ်ငန်း များကို ပြန်/ဆက်ဦးစီးဌာန၊ အား/ကာဦးစီးဌာနတို့က ဌာနဆိုင်ရာများအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။
ရီရီလွင်(ပြန်/ဆက် ဝါးခယ်မ)