ကျောက်မြောင်း မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ်၊ ဥယျာဉ်ခြံသီးနှံပြပွဲနှင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အိမ်တွင်းမှု ထုတ်ကုန်များပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မြောင်းမြို့၊မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအေးနိုင်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦစီးမှူးဒေါ်ခင်ဝင်းက ဥယျာဉ်ခြံစိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း အိမ်တွင်းမှု ထုတ်ကုန်ပြိုင်ပွဲဆုရရှိသည့် ကျေးရွာများကို ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)