သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်

သံတောင်ကြီး မတ် ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"  ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန် ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာများက သံတောင်ကြီးမြို့အမှတ် (၄) ရပ်ကွက်လမ်းဆုံနှင့် လူသွားအလာများသည့် နေရာများတွင် Mask  Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရီးသွားလာသည့် ပြည်သူများအား ကိုယ်အပူချိန်တိုင်း ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်ရှိ လူအသွားအလာ များသည့် နေရာများနှင့် လမ်းဆုံများတွင်ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ