မြဝတီမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ဒဏ်ငွေပေးဆောင်စေခြင်းဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိ

မြဝတီ  မတ် 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်  အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ရောဂါ ဆက်လက်ကာကွယ်ထိန်းချုပ် တားဆီး နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေး အရေးယူ ဆောင်ရွက်ခြင်းကို  လူစည်းကားရာနေရာများနှင့် လမ်းဆုံလမ်းခွများ တွင် ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ စတင်၍  ယနေ့အထိ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါစစ်ဆေး ဆောင်ရွက်ခြင်းကို ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လူမူရေးအသင်းအဖွဲ့များ ပူး​ပေါင်းပါဝင်သောအဖွဲ့တို့က မြို့တွင်း ဖြတ်သန်းသွားလာနေကြသော ယာဉ်ကြီး ယာဉ်ငယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများ နှာခေါင်း စည်း (Mask) မတပ်ဆင်ဘဲ ဖြတ်သန်း သွားလာပါက ဒဏ်ငွေ (၅၀၀) ကျပ်ပေးဆောင်စေပြီး နှာခေါင်းစည်း (၂) ခုပေးကာ တပ်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်ကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ (Mask) စနစ်တကျတပ်ဆင်စေရေးအတွက် စစ်ဆေးခြင်း များအား လူစည်ကားရာ နေရာဖြစ်သည့် ဈေးများ၊ လူစည်းကားရာနေများနှင့် လမ်းဆုံ လမ်းဂွများတွင် စစ်ဆေးဆောင်ရွက်နိုင်ရန် ဌာနဆိုင် ရာပူးပေါင်းအဖွဲ့များက နေ့စဉ်နေရာများ ပြောင်းရွေ့ကာ နှာခေါင်းစည်း (Mask) များ တပ်ဆင်ရေး အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)