ပလက်ဝ ဖေဖော်ဝါရီ ၂၈
ချင်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပလက်ဝမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၉၃ သန်းဖြင့် ဆောက်လုပ်သည့် Muliti Purpose Shelter နှင့် ခွင့်ပြု ရန်ပုံငွေ ကျပ် ၃၅၀ ဒသမ ၈၄၀ သန်းဖြင့် ဆောက်လုပ်သည့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဆောင်သစ် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးအောင်သူမြင့်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအနေအနေ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြသကြပြီး ပလက်ဝမြို့နယ် လျှပ်စစ်ရုံး မြေထိန်းနံရံ တည်ဆောက်နေမှု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရွာမရပ်ကွက်လမ်းကြား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မြို့နယ်အားကစားကွင်းရှိ ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှု၊ မြို့နယ်ပြည်သူ့ဆေးရုံဓာတ်မှန်ခန်းပါ RCC (၂) ထပ် လူနာဆောင် ဆောက်လုပ်နေမှု၊ ပလက်ဝမြို့ ရေပေးဝေရေး ဂါလံတစ်သိန်းဆံ့ ရေလှောင်ကန် တည်ဆောက် နေမှုနှင့် မြေနီကုန်း ဦးကံအောင်လမ်းရှိ မြေထိန်းနံရံတည်ဆောက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန် /ဆက်)