ခါမ်းပါတ် သြဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က ခါမ်းပါတ်မြို့ မြို့မစျေး ၊ကနန်ကျေးရွာ ကျေးလက်စျေးနှင့် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စားသောက်ဆိုင်များ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့ထံမှသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး စျေးဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ဆိုင်ဝန်ထမ်းများအား mask၊ face shield နှင့် လက်အိပ်များ ဝတ်ဆင်၍ ရောင်းချရန်၊ လက်ဆေးကန်များ ထားရှိပြီး စနစ်တကျ လက်ဆေးခြင်းများ ဆောင်ရွက်စေရန်၊ Hand Gal များထားရှိရန် စသည်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရှိရသည်။
ဇော်ဝင်းထွန်း