စုကလိမြို့တွင် မရမ်းသီးများ လှိုင်လှိုင်ပေါများသဖြင့် စျေးကွက်တွင် စျေးကောင်းများစတင်ရရှိ

စုကလိ   မတ်   ၃

ဒေသထွက်ကုန်များတစ်ခုဖြစ်သည့် မရမ်းသီးများလှိုင်လှိုင်ပေါများစွာ သီးသည့်အတွက် စျေးကွက်တွင် စျေးကောင်းများရရှိလျက်ရှိ သည်။ ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့သည် ရေခံမြေခံအလွန်ကောင်းသော ဒေသတစ်ခုဖြစ်သည့်အတွက် သီးနှံများ စောလျှင်စွာ ခူးဆွတ်ရောင်းချနိုင်ပြီး ဒေသတွင်းစီးပွားရေး အဆင်ပြေစေပါသည်။

မရမ်းသီးသည် မျှင်ငါးပိနှင့် တွဲဖက်၍ ကြော်စားခြင်းဖြင့်လည်းကောင်း၊ အစိမ်းသုပ်စားခြင်းဖြင့် လည်းကောင်း ငါးနှင့်အချည် ရည်ချက်စားခြင်းဖြင့်လည်းကောင်း ရင့်မှည်လာပါက အခြောက်ခံ၍ ယိုထိုးစားခြင်း လိုသလိုထား၍ စားသုံးနိုင်သော အစားအစာ တစ်မျိုးဖြစ်သည်။

စုကလိမြို့တွင် မရမ်းသီးများပေါများစွာထွက်ရှိသဖြင့် နီးစပ်သောကျေးရွာများမှ လာရောက်ဝယ်ယူကြပြီး နို့ဆီဘူးတစ်ဘူးလျှင် ထိုင်းဘတ်ငွေ ၃၀ ဘတ်အထိ ယနေ့နံနက်ပိုင်းတွင် ရောင်းချသော စျေးနှုန်းဖြစ်ကြောင်း သိရှိရသည်။

ပိုပိုအောင်

စုကလိ (ပြန်/ဆက်)