ကံမမြို့၌ အရပ်ရပ်အခွင့်အရေး လိုင်စင်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချ

 ကံမ မတ် ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရပ်ရပ်အခွင့်အရေး လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို  ယနေ့နံနက် ၁၀ နာရီက မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်က  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် ရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် လုပ်ငန်းလိုင်စင်(၁၃)ခုအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)