မအူပင် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ ပြန်လည် တင်ပြလာသော ပုံစံ(၃)၊ (၄)၊ (၄-ဂ) များအား လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့်အညီ စီစစ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ စိစစ်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့စိစစ်ရာတွင် မြို့နယ်မဲစာရင်းစိစစ်ရေးလုပ်ငန်းအဖွဲ့ဝင်များက မအူပင်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၈၈)အုပ်စုရှိရာ ဆောင်ရွက်ပြီး(၆၈) အုပ်စု ဆောင်ရွက်ရန် (၂၀)အုပ်စုကျန်ရှိသည်။ မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ ပြန်လည်တင်ပြလာသော ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် လျှောက်ထားသူ (၂၈၉၃)ဦး၊ ပုံစံ(၄)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသည့် ကန့်ကွက်လွှာ (၁၁၃၃)ဦး၊ ပုံစံ(၄-ဂ)ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (၂၀၁၁) ဦးအား လွှတ်တော်ရွေး ကောက်ပွဲဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက် ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှသိရသည်။
အောင်ခိုင်၊(မအူပင်)