လှိုင်းဘွဲ ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်သူများ ရောဂါပိုးကူးစက်ပျံ့ပွားမှုမရှိစေဘဲ အခြေခံစားသောက်ကုန်များဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အမိန့်နှင့် ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောက်ရွက်ရန်၊ နှာခေါင်းစည်းများတပ်ဆင်အသုံးပြုကြရန်၊ ဈေးသည်များ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင် နေထိုင်ရောင်းချရေး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဈေးဝယ်သူများအား ဈေးအဝင်/အထွက်များတွင်ထားရှိသည့် လက်ဆေးဘေစင်များတွင် လက်များအားသန့်စင်စေခြင်း၊ ဈေးအတွင်းသို့ နှာခေါင်းစည်းများတပ်ဆင်ပြီးမှသာ ဈေးဝယ်ယူစေခြင်းများကို အသိပညာပေးပြောကြားခဲ့ပြီး ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)