ထန်းတပင် (ပဲခူး) မတ် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကလေးငယ်များအား အလှည့်ကျ ဆေးထိုး ဆေးတိုက်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုးဆေးတိုက် ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ) ပိုး၊ ဦးနှောက်အမှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး ပြင်းထန်အဆုပ်ရောင် ဝက်သက် ဂျိုက်သိုး ရောဂါကာကွယ်ဆေးစသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေ ရောဂါကာကွယ် ဆေးတိုက်ကျွေးခြင်း ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြာင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)