နွားထိုးကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန် A Frame Method သရုပ်ပြလေ့ကျင့်ဆောင်ရွက်

နွားထိုးကြီး ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန် A Frame Method သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် နာရီအချိန်က နွားထိုးကြီးမြို့ မီးသတ်ဦးစီးဌာနရုံးဝန်းအတွင်းတွင် သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ရေတွင်းရေကန်များတွင် လူနှင့်တိရိစ္ဆာန်များကျရောက်နေပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်းရှိ သဘာဝဘေးနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လင်းက ပြောပြ၍သိရသည်။

အဆိုပါ သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ် ဦးစီးမှူး ဦးရန်အောင်စိုးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)