ဒေးဒရဲ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် စားသုံးသူများ အနေဖြင့် ရိုးရှင်းသော သတင်းအချက်များ ရရှိစေရန် ရည်ရွယ်၍ ရုံးကြီးဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် များအား ယနေ့ နံနက် ၁၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့က တာဝန်ရှိသူများ ရုံးကြီးဈေးအတွင်းရှိ မုန့်မျိုးစုံနှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့် ကုန်စည်များ၌ စားသုံးသူ အကာအကွယ်ပေးရေး ဉပဒေပါ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ပူးပေါင်းအဖွဲ့က အသိပညာပေး ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)