ဟားခါး မတ် ၃
ဟားခါးမြို့၌ မတ်လ ၂ ရက်နေ့က ပြည်သူ ၉၃ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၁၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၉ ဦး ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
အလားတူ တီးတိန်မြို့နယ်တွင်လည်း ပြည်သူ ၇ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၁ ဦးတွင် လည်းကောင်း၊ ပလက်ဝမြို့နယ်တွင် ပြည်သူ ၈၄ ဦးစစ်ဆေးရာ ၁၀ ဦးတွင် လည်းကောင်း၊ မင်းတပ်မြို့နယ်တွင် ပြည်သူ ၂၅ ဦးစစ်ဆေးရာ ၅ ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည်။
ဟားခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှ မတ် ၂ ရက်နေ့အထိ (ကိုဗစ်-၁၉ စတုတ္ထလှိုင်း) Test Kit ဖြင့် စစ်ဆေးသူ ၂၂၁၅ ဦး၊ ပိုးတွေ့သူ ၂၂၅ ဦး၊ သေဆုံးသူ ၂ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၁၀၁ ဦးနှင့် ဆေးကုသမှုခံယူဆဲ ၁၂၂ ရှိသွားပြီဖြစ်ကြောင်းနှင့် ဆေးကုသမှုခံယူဆဲ ပိုးတွေ့လူနာများအနက် ၇၈ ဦးသည် ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ ၄၄ ဦးသည် ကာဆင်ခန်းမတွင်လည်းကောင်း လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
(မောင်တက်လမ်း)