စစ်ကိုင်း မတ် ၂
စစ်ကိုင်းမြို့ ဂုဏ်ဆောင် ပထမအင်းဝခေတ် မိုးညှင်းမင်းတရားကြီး တည်ထား ကိုးကွယ်တော်မူခဲ့ သော ရတနာစေတီဆင်မှားရှင်ဘုရားကြီးအား သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး၏ ဦးဆောင်ဩဝါဒ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုနှင့်အတူ ထီးတော်မြတ်တင်လှူခြင်း၊ ငှတ်မြတ်နားတော်တင်လှူခြင်း၊ စိန်ဖူး တော်တင် လှူခြင်းနှင့် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားများအား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါဘုရားကြီးကို သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနှင့်အညီ လာမည့် တပေါင်းလဆန်း (၁၃)ရက်၊ မတ်လ(၁၄)ရက်နေ့တွင် စိန်ဖူးတော်တင် လှူ သွားမည်ဖြစ်ပြီး တပေါင်းလပြည့်၊ မတ်လ (၁၆)ရက်နေ့တွင် ရေစက်ချမင်္ဂလာအခမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲများ ကုသိုလ်ပြု ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။
ဆင်များရှင်စေတီတော်ကြီးသည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင်း လုံးပတ်တော် များအက်ကွဲခြင်း၊ ထီးတော်မှ အရံစိန်ဖူးတောများမြေခခြင်းနှင့် ရွှေသင်္ကန်း များကွာကျခြင်းတို့ ဖြစ်ပေါ် ခဲ့ရာ သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်ဩဝါဒဖြင့် ဘုရားကြီး ဂေါပကအဖွဲ့များက အကြီးစား ပြုပြင်မွန်းမံ တော်မူခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်