မြောင်းမြ မတ် ၂
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ၂၀၂၂ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများ ပြသလျက်ရှိရာ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာများ တောင်သူများမှ ပြခန်းများပြသထားကြောင်း သိရသည်။
အဆိုပါပြခန်းကို စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စသည့် ဌာနဆိုင်ရာများနှင့် မြောင်းမြခရိုင်အတွင်းရှိ တောင်သူများက မိမိတို့လုပ်ငန်းဆောင်ရွက်မှုများနှင့် ဒေသထွက်ကုန်များကို စည်ကား သိုက်မြိုက်စွာ ပြသခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)