ဆင်ပေါင်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဆင်ပေါင်ဝဲ မတ် ၂

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့မစည်ပင်သာယာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ၊ဈေးကော်မတီဝင်များပူးပေါင်း၍ ဈေးအတွင်း/အပြင် မီးသုံးစွဲမှုအခြေအနေနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးရှိ ဈေးသူ/ဈေးသားများ ဈေးအတွင်း/အပြင် မီးသုံးစွဲမှုအခြေအနေ၊ မီးသတ်ဆေးဘူးများထားရှိမှု အခြေအနေ၊ လျှပ်စစ်မီးများသွယ်တန်းထားရှိမှု အခြေအနေ၊ ဈေးအတွင်း သန့်ရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ သောက်သုံးရေ ကောင်းမွန်စွာရရှိရေးနှင့် မီးသတ်ရေလှောင်ကန်များထားရှိမှု အခြေအနေတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ စည်ပင်ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)