စစ်ကိုင်းတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  တောင်သူလယ်သမားနေ့အထိမ်းအမှတ် စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံ ဆွေးနွေးပွဲ ကျင်းပ

မုံရွာ   မတ်   ၂

စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံ မျှဝေနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ  စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံ ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံနှင့် တောင်သူလယ်သမား ဘဝတိုးတက်ကောင်းစားရေးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်  ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲ၊ ခရိုင်မျိုးစေ့ဌာနခွဲ၊ မြေအသုံးချရေးဌာနခွဲတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနနှင့်ဌာနခွဲများအလိုက် စိုက်ပျိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ကာ ပူးပေါင်းဆောင်ရွက်နေမှုတို့၏ အားနည်းချက်၊ အားသာချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)