ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တောင်သူလယ်သမားနေ့ အထိမ်း အမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ မတ်   

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ဘားအံမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ဆုလာဘ်နွယ်က တောင်သူ လယ်သမားနေ့ ဖြစ်ပေါ်လာပုံ၊ မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်  သတ်မှတ်ခဲ့ပုံများ၊ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများ ကျင်းပခဲ့မှုများကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ဘားအံမြို့နယ် စာရေးဆရာအသင်းဝင် ဦးစောထွန်းနိုင်ရွှေက တောင်သူဦးကြီးများ၏ သဘာဝဘေး ဒဏ်များ၊ ဒုက္ခပင်ပန်းဆင်းရဲခြင်းများကို ကြံ့ကြံ့ခိုင်ပြီး နိုင်ငံ၏လယ်ယာဖွံ့ဖြိုးမှု၊ ဆန်ရေစပါး ဖူလုံရေးအတွက် လယ်ယာ လုပ်ငန်းလုပ်ကိုင်ပုံများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)