ရှမ်းရွာသစ်မြို့၊ မဲလရောကျေးရွာအုပ်စု၊ မဲသဝေါ်ကျေးရွာတွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ဒေသနေပြည်သူများအား ကာကွယ်ဆေးများ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိ

ရှမ်းရွာသစ် မတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊မဲလရောကျေးရွာအုပ်စု၊ မဲသဝေါ်ကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး လျက်ရှိသည်။

ရှမ်းရွာသစ်မြို့အတွင်းရှိ သံဃာတော်များ၊အ သက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန ်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော ရပ်ဝေးမှ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့၊ မဲသဝေါ်ကျေးရွာတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာ တွင်ရှမ်းရွာသစ်မြို့ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ  ဒေါ်နန်းစုစုအောင် ဦးဆောင်ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများတို့က   ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ရှမ်းရွာသစ်မြို့၊ မြို့အုပ်ချုပ်ရေးမှူး

ဦးနိုင်ဝင်းအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများတို့က ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင်    ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ကျေးရွာများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)