မင်းဘူးခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖဲကြိုးဖြတ်ဖွင့်လှစ်

မင်းဘူး မတ် ၂

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး ဖွင့်လှစ်ခြင်းကို မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဖွင့်လှစ်ခြင်း အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးနှင့် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး ဆိုင်ဘုတ်အား အမွေးနံ့သာရေ များဖြင့် ပက်ဖျန်းပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကြသည်။ ထို့နောက် ဝန်ကြီးက ရုံးအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သ ည်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)