ဝေါ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးပျိုးစေ့ထုတ် တောင်သူများ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်၂၈ရက်နေ့ မွန်းလွဲ၁နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းထွန်း က မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများနှင့် မျိုးစေ့ထုတ်လုပ်ပုံ အဆင့်ဆင့် နည်းစနစ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဝေါမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၁) အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၁၂၆)ဦး၏ စိုက်ဧက(၈၇၈) ဧက အတွက်,(၇၃၃၁၃၀၀၀) ကျပ်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်၊ ပဲခူးခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းထွန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပြီးနောက် တက်ရောက် လာကြသော မျိုးစေ့ထုတ်တောင်သူများ၏ ကိုယ်စားတောင်သူ ဦးမျိုးလွင် က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)