ဘားအံ မတ် ၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက် ကွက်ခဲ့ကြပြီး အလုပ်ပြန်လည် ဝင်ရောက်လာသော ပညာရေးဝန်ထမ်းများအား ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် တွေ့ဆုံ၍ ဆုံးမဩဝါဒ စကားများ ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်လာမှုနှင့်အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တပ်မတော်မှ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းရယူခဲ့ရပုံ အဆင့်ဆင့်နှင့် တရားမဝင် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး အစိုးရကပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ကြသည့် ဝန်ထမ်းများအား ပြည်နယ်အတွင်း လူသားအရင်းအမြစ် မဆုံးရှုံးစေရေးအတွက် ထုတ်ပယ်ခြင်းခံရသူများမှ အယူခံတင်ပြမှုအပေါ် ရာထူးတိုး ၂ နှစ်ဆိုင်းငံ့သည့်ပစ်ဒဏ်ကိုသာ ချမှတ်၍ ဆက်လက်တာဝန် ထမ်းဆောင်စေခဲ့ ကြောင်း၊ ယနေ့အခမ်းအနားတွင် အလုပ်ပြန်လည်ဝင်ခွင့်ရရှိသူ သင်ကြားရေး ဝန်ထမ်း အထက်တန်းပြ ၃၀ ဦး၊ အလယ်တန်းပြ ၇၈ ဦး၊ မူလတန်းပြ ၁၂၈ ဦး ၊ ရုံးဝန်ထမ်း ၁၃ ဦး စုစုပေါင်း ၂၆၅ ဦး ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ဘဲ အစဉ်လေ့လာ သင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခ ဖြစ်ထွန်း လာစေရန် ကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အလုပ်ပြန်လည်ဝင်ရောက်လာသော ပညာရေးဝန်ထမ်းများအား လက်ဆောင်ပ စ္စည်းများပေးအပ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလ တန်းပြ ဆရာ၊ဆရာမများကိုယ်စား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် အလုပ်ပြန်လည် ဝင်ရောက်လာသော ထက်လယ်မူ ဆရာ၊ ဆရာမများအား တစ်ဦး ချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့မရမ်းကျေးရွာတွင် စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး KawtMaYan Resort Co.,Ltd မှ ကရင်ပြည်နယ်အစိုးရအဖွဲ့အား ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် KawtMaYan Resort Co.,Ltd ဒါရိုက်တာဦးစိုင်းခမ်းလှိုင်က ကရင်ပြည်နယ်၏ တောတောင်သဘာဝ ရှု့ခင်းအလှအပများ၊ ထုံးကျောက်တောင်နှင့် လိုဏ်ဂူများ၊ ဒေသခံ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများသည် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအကြား ရေပန်းစားလျက်ရှိကြောင်း၊ မြေဧရိယာ ၃ ဧကနီးပါးခန့်တွင် ဇွဲကပင် တောင်ကိုနောက်ခံထား၍ စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းတစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသောက်ခန်းမ၊ ရေကူးကန်၊ သုံးခန်းတွဲ နှစ်ထပ်နှင့်ဘန်ဂလို အဆောက်အဦးများမှ စုစုပေါင်းအခန်း ၃၀ ပါဝင်မည်ဖြစ်ကြောင်း၊ ခရီးသွားများ ကိုယ်တိုင် ထွန်ယက်စိုက်ပျိုးနိုင်စေရန် ဖန်တီးပေးထားပြီး ဘားအံမြို့ကို ခရီးသွားမြို့တော် ဖြစ်စေရေး စိတ်အားထက်သန်လျက်ရှိကာ ဒေသခံ ၆၀ ဦးခန့်အား အလုပ်အကိုင် ဖန်တီးပေးထား နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးလုပ်ငန်းစတင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)