အင်္ဂပူ မတ်လ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ လကျာ်းကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင်သစ် ပေးအပ်ပွဲကို ယနေ့ နေ့လည်ပိုင်းက လကျာ်းကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသူလေးများက ခေတ်သစ်အနုသုခုမအကဖြင့် ဖျော်ဖြေခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးလှထွဋ်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာဝန်ခံကျောင်းအုပ်ကြီး ဦးစိုးထက်အောင်နှင့် ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကျောင်းဆောင်သစ်အား ထွန်းလသာကုမ္ပဏီပိုင်ရှင် ဦးသိန်းဌေးမှ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်နှင့် တာဝန်ရှိသူများ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ ထွန်းလသာ ကုမ္ပဏီပိုင်ရှင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ကျောင်းဆောင်သစ်မှာ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ RC အမျိုးအစားဖြစ်ပြီး ကုန်ကျငွေကျပ်သိန်း (၁၂၀၀)ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ပညာ သင်ကြားနိုင်ကြောင်း သိရသည်။
မန်းကျော်