ထန်းတပင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ထန်းတပင်(ပဲခူး) ဂုတ်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကို  ယနေ့ နံနက်(၁၀)နာရီက ထန်းတပင်မြို့ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦး ဆွေ က  အဖွင့်အမှာစကားပြောကြားပြီး   အတွင်းရေးမှူး   ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်လှိုင်သဇင် ကျော်က လက်ရှိဆောင်ရွက်လျက်ရှိသည့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ညှိနှိုင်းအစည်းအဝေး၌ ကလေးသူငယ်၏ အခွင့်အရေးများ ရရှိစေရေး၊ ကလေးသူငယ် မှုခင်းများ မဖြစ်ပေါ် စေရေး အတွက် ကြိုတင်ကာကွယ် လုပ်ဆောင်သွားနိုင်ရေး၊ ကလေးသူငယ်တိုင်း အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ် စောင့်ရှောက်မှုများ ရရှိစေရေး၊ ကလေးသူငယ်၏ အခွင့်အရေးများ ပိုမိုသိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး၊ ကလေးသူငယ် များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရေး၊  ကလေးသူငယ်၏  အကျိုးအတွက် စေတနာ့ ဝန်ထမ်း ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးများကို  တက်ရောက်လာကြသည့် ကော်မတီဝင်များက အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)