နတ်မောက် မတ် ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများအား နွေစပါး၊ နွေနှမ်း အထွက်နှုန်းတိုးတက်စေရေး တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်စန္ဒာစိုးနှင့် ဒုတိယဦးစီးမှူး ဦးမြင့်ဦးလွင်တို့က တောင်သူများ စိုက်ပျိုးရေး နည်းစနစ်များ စိုက်နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ နွေရာသီ နတ်မောက်ဆည်ရေသောက်မှ နွေစပါးဧက (၅၆၅) ဧက လျာထား သတ်မှတ်စိုက်ပျိုးသွားမည်ဖြစ်ပြီး နွေစပါးစိုက်ပျိုးမည့်ကျေးရွာများသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ ပညာပေး သင်တန်းများဖွင့်လှစ်၍ နွေစပါး၊ နွေနှမ်း၊ အထူးအထွက်နှုန်း တိုးတက်ရေး နည်းပညာများ ဖြန့်ဝေပို့ချလျက်ရှိရာ သင်းတန်းသို့ တောင်သူ(၂၀)ဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်း(၁၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
သင်သင်းမြတ်