ဖျာပုံမြို့နယ် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ဖျာပုံ မတ်လ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦးမှ ဦး​ဆောင်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ နှာခေါင်းစည်း Mask များ ခမဲ့ဖြန့်ဝေပေးရာတွင် ဖျာပုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦး၊ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများသည် ဖျာပုံ တံတားကြီးအောက်၊ ချောင်းတွင်း လမ်းမကြီးဘေးနှင့် မြောက်ပိုင်းစျေးတို့တွင် စျေးရောင်း စျေးဝယ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူများကို နှာခေါင်းစည်း Mask (၈၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်