ထားဝယ် မတ်လ ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိယအကြိမ်အဖြစ် ထပ်ဆောင်း ကာကွယ် ဆေး(Booster Dose)ကို ယနေ့ နံနက် ပိုင်းတွင် ဆေးထိုးစုရပ်ဖြစ်သည့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာ၏ လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအား ထိုးနှံပေးခဲ့သည်။
ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ဒုတိယကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် (၅၀)အောက်နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု များ၊ အသက်(၆၅)နှစ်နှင့်အထက် အများပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေပင်လယ်(ထားဝယ်)