ထားဝယ် မတ် ၁
၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်း လီမိတက်က ယနေ့နံနက်ပိုင်းတွင် အသင်းမှအသင်းသား (၂၀၉)ဦးအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အသင်းမှအသင်းသား (၂၀၉) ဦးအတွက် စုဆောင်းငွေပေါ်အတိုး (၁၃၀၉၂၉၈၁)ကျပ်၊ အစုပေါ်အမြတ်(၇၇၆၃၃၉)ကျပ် ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများ ၏စားဝတ် နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အသင်း သားထောက်ပံ့ငွေ(၂၃၅၉၀၀၀)ကျပ်အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)